Top HR Solutions Co., Ltd သည် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အကြံပေးဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ်မှ စတင်၍ ကျွမ်းကျင်ပိုင်နိုင်စွာ (professionally) ဝန်ဆောင်မှုများပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာအလုပ်သမားဥပဒေပေါင်းချုပ်စာအုပ် Myanmar Labour Laws အား ထုတ်ဝေခဲ့ပါသည်။
ယခုအခါ Myanmar Labour laws ကို pdf အနေဖြင့် ပြောင်းလဲကာ တည်ဆဲမြန်မာအလုပ်သမားဥပဒေများ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများ ထဲမှ မိမိသိရှိလိုသည့် ဥပဒေများအား အခမဲ့ ဝင်ရောက် Download လုပ်ကာ လေ့လာကြည့်ရှုနိုင်ပါသည်။