Education Aid for Children (EAC) App သည် မူကြိုနှင့် မူလတန်းအရွယ် သားသားမီးမီးများ ဝေါဟာရကြွယ်ဝစေရန်နှင့် ပတ်ဝန်းကျင်လေ့လာမှုအားကောင်းအောင် အထောက်အကူပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားသော App ဖြစ်ပါသည်။
App တွင် Basic Flash Cards၊ General Flash Cards နှင့် Poems and Tales ဟူ၍ အဓိက category (၃) ခု ပါရှိပါသည်။
Basic Flash Cards တွင် အင်္ဂလိပ်နှင့် မြန်မာစာ အခြေခံအက္ခရာများနှင့် ကိန်းဂဏန်းများ၊ General Flash Cards တွင် ပတ်ဝန်းကျင်မှ သက်ရှိသက်မဲ့အရာများအား အင်္ဂလိပ်လိုနှင့် မြန်မာလို အခေါ်အဝေါ်များကို Flash Card ပုံများနှင့်တွဲ၍ ကြည့်ရှုနားထောင်နိုင်မည်ဖြစ်ပြီး၊ Poems and Tales တွင်မူ သားသားမီးမီးတို့၏ စာရိတ္တနှင့် စိတ်ဓာတ်ရေးရာ အခြေခံအုတ်မြစ်ချပေးနိုင်မည့် ကဗျာများနှင့် ပုံပြင်များကို ဗီဒီယိုပုံစံဖြင့် တင်ဆက်ထားပါသည်။
Category တစ်ခုချင်းစီအတွက် content အချို့ကို အမြည်းသဘောအနေဖြင့် free ပေးထားပြီး အပြည့်အစုံကြည့်ရန် ဝယ်ယူထားသော QR ကို scan ဖတ်ရမည်ဖြစ်သည်။